Main menu

ဒေးဒရဲမြို့နယ် ၊ ထောင်မှူးချောင်ကျေးရွာရှိ “အောင်ကျော်ဈာန်” ဆန်စက်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဖျာပုံခရိုင်၊ ဒေးဒရဲ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးသိန်းမောင်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၈) ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ထောင်မှူးချောင်ကျေးရွာရှိ “အောင်ကျော်ဈာန်” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်တာဝန်ခံ ဦးသိန်း‌မောင်မှ ဆန်စပါး သိုလှောင်ထားရှိမှု အခြေအနေ၊ လုပ်ငန်းလည်ပတ်နေမှုအခြေအနေနှင့် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားရှိမှုတို့ကို စစ်ဆေးခဲ့ပါသည်။ ၎င်းအပြင် ထုပ်ပိုးမှုအခြေအနေနှင့် အလေးချိန်အချိန်အတွယ်ပြည့်စုံမှုမှန်ကန်မှုရှိ/မရှိတို့ကိုလည်းစစ်ဆေးခဲ့ပြီး ဆန်စပါးလက်ကျန်အခြေအနေများပါ စာရင်း ကောက်ယူမေးမြန်းခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)