Main menu

ကျိုက်လတ်မြို့နယ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြိုနယ်တာဝန်ခံ(စစ်ဆေးရေးအရာရှိ) ဦးမိုးမင်သန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၈) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါ စစ်ဆေးရာတွင် လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးပစ္စည်းများတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံမှု ရှိ/မရှိနှင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုကြရန်၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးများအား ဝယ်ယူစုဆောင်းသိုလှောင်မှုမရှိဘဲ လိုအပ်သည့် ဆေးဝါးများကို အပတ်စဉ် ဝယ်ယူရောင်းချလျက်ရှိပါသည်။ အဖွဲ့အနေဖြင့်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ ဝယ်ယူစုဆောင်း သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးမှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)