ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ သန်လျင်မြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ နိုဝင်ဘာလ (၄)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်း၍ အမှတ် (၁၄၁)၊ ဗိုလ်ချုပ်နေဝင်းလမ်း၊ မြို့မအနောက်ရပ်ကွက်ရှိ "လေဆာဆေးဆိုင်" ၊ အမှတ် (၁၃၇) ၊ဗိုလ်ချုပ်နေဝင်းလမ်း၊ မြို့မအရှေ့ရပ်ကွက်ရှိ "ရွှေတောင် ဆေးဆိုင်" ၊ ရုံ-၁၀(၁/၂)၊ ဗိုလ်ချုပ်နေဝင်းလမ်း၊ အရှေ့ဘက်ခြမ်းရှိ " သီဟဆေးဆိုင် " စသည့်ဆေးဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ၎င်းဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော တိုင်းရင်းဆေးများဖြစ်သည့် စင်္ကြာမင်း (အကြောအားဆေး)၊ အေးငြိမ်းသီတာ (အကြောအားဆေး)၊ ရွှေဟင်္သာ (သံမနိုင်၊ ကျောက်မနိုင်ဆေး)၊ ဆရာခို (အနာလိမ်းဆေး)၊ ဆီးချိုကျဆေး ၊ အာရုံကြောဆေးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/မရှိ ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များ ရေးသားဖော်ပြရမည့်အချက်များဖြစ်သည့် ပုဒ်မ (၄၁) ၊ ပုဒ်မခွဲ (ခ) နှင့်(ဆ) တို့သည် မြန်မာဘာသာဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)