၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဆင်ပုရှိ TRCCI အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဒေသတွင်းအသင်းအဖွဲ့များ ပိုမိုအားကောင်းလာစေရေး၊ ခရိုင်အသင်း၊ တိုင်းဒေသကြီးအသင်းများ တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ မိမိတို့ဌာနအနေဖြင့်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ လိုအပ် သည်များကို တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။
DOCA(တနင်္သာရီ)