စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၃)ဦးသည် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ “မြစိမ်းတောင်” လက်ဖက်နှင့် ကုန်မျိုးစုံဆိုင်၊ “ဒေါ်နွဲ့နွဲ့အေး”ကုန်မျိုးစုံဆိုင်နှင့် “ဆွေဆွေသန်း” မုန့်မျိုးစုံဆိုင်၊ စုစုပေါင်း ဆိုင်(၃)ဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။
နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်(၂/၂၀၁၉)နှင့် ကိုက်ညီမှု ရှိ/မရှိ တတိယသုံးလပတ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး ရန် လမ်းညွှန်မှုပြုသဖြင့် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ “မြစိမ်းတောင်” လက်ဖက် နှင့်ကုန်မျိုးစုံဆိုင်၊ “ဒေါ်နွဲ့နွဲ့အေး”ကုန်မျိုးစုံဆိုင်နှင့် “ဆွေဆွေသန်း”မုန့်မျိုးစုံဆိုင်၊ စုစုပေါင်းဆိုင်(၃)ဆိုင်အား ကွင်းဆင်း စစ်ဆေးခဲ့ရာ “OnE TEa” အမှတ်တံဆိပ် နို့ဆီဗူးများနှင့် “ရွှေဒိုးဝိုင်း”အမှတ်တံဆိပ် နို့ခရင်(မ်)မုန့်ထုပ်များသည် ညွှန်ကြားချက်(၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိသည်ကို စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကို ရွေးချယ်ဝယ်ယူရောင်းချစေလိုကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး မိမိတို့ဆိုင်သို့ ဖောက်သည်သွင်းသည့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းရှင်များကို ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြရန် တစ်ဆင့်ပြန်လည် ပြောကြားပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)