Main menu

မြန်အောင်မြို့ “ရွှေ” ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၈) ရက်၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ ညောင်မြစ်ဆွဲအုပ်စု၊ ပြည်တော်သာကျေးရွာရှိ “ရွှေ” ဆန်စက်လုပ်ငန်းရှင် ဦးသန်းထိုက်ဦး နှင့် တွေ့ဆုံ၍ MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမြင့်အောင်က “ရွှေ”ဆန်စက်မှ စပါးဝယ်ယူရရှိမှုနှင့် ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ ထုတ်လုပ်သော ကုန်စည်များ အရည်အသွေး ပြည့်မီစေရေး ၊ ဆန်စပါး ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ထုတ်ပိုးမှုစနစ်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မှီစက်ကိရိယာများ တပ်ဆင်ထားမှု ရှိ/မရှိ၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေ အနေများကို ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေး အနိမ့်အမြင့်အပေါ်မူတည်၍ ကြိတ်ခွဲ ထုတ်လုပ်ကြောင်း၊ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျ စွန့်ပစ်ကြောင်း သိရှိရပြီး၊ MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)