Main menu

ကုန်အညွှန်းအမှတ်အသားပါ၊ အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင် တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်များ၌ မြို့နယ်ဦးစီးမှူးများသည် (၂၂.၄.၂၀၂၂) နေ့တွင် သက်ဆိုင်ရာမိတ်ဖက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ ဈေးများသို့ ကွင်းဆင်း၍ Paris ဆပ်ပြာခဲ များတွင် ကုန်အညွှန်းအမှတ်အသားပါ၊ အလေးချိန်ဖော်ပြချက်နှင့်ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)