Main menu

ကောင်းမြတ်သုခ ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ မိုးဟုတ်ကျေးရွာရှိ ကောင်းမြတ်သုခဆန်စက်သို့ ညောင်တုန်းမြို့နယ်ဦးစီးမှုးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်သို့ ကွင်းဆင်း၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး)က ကောင်းမြတ်သုခ ဆန်စက်သို့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ  သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမှုအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမှုအခြေအနေ၊ Gasifier သုံး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများစသည်ဖြင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ဆန်စက်မှ ကြိတ်ခွဲထွက်ရှိလာသော ဆန်များကို သိုလှောင်ထားရှိမှု အခြေအနေ ဆန်အိတ်အရေအတွက်နှင့် နေ့စဉ်ဆန်ကြိတ်ခွဲမှု၊ ရောင်းချ၊ တင်ပို့မှုအခြေအနေတို့ကို မေးမြန်းခဲ့ကြသည်။

     ဆက်လက်၍ လုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းခြင်း ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် လိုက်နာရမည့်  SPSဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ဆန်စပါးဆိုင်ရာ မူဝါဒများအကြောင်း Food Safety အရည်အသွေးမီသော ဆန်များရရှိစေဖို့အတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)