(၇.၁၁.၂၀၂၄)နေ့၊နံနက် (၁၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မအူပင်ခရိုင်၊ ထွေအုပ်အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာ(၂၀)ဦး နှင့် ပြည်သူ (၈၀) ဦးနှင့် တွေ့ဆုံ၍ အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ ရွေးချယ်ဝယ်ယူတတ်စေရန် အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့သည်။
ဟောပြောဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူပြည်သူများသည် နေ့စဉ် စားဝတ်နေရေး၊ ကျန်းမာရေး၊ စိတ်ခံစားမှုအရ အပန်းဖြေသည့် အခါ သုံးစွဲသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို မဖြစ်မနေလိုအပ်သည့်အခါ ဝယ်ယူအသုံးပြုကြသည်။ ထို့ကြောင့် မိမိနှင့် မိမိနှင့် ဆက်သွယ်သူများ ဝယ်ယူအသုံးပြုရန် လိုအပ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများကို မျက်မြင် ဝယ်ယူသလို ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာမှုများကြောင့် လူတစ်ဦးနှင့် တစ်ဦးထိတွေ့ရန် မလိုအပ်ပဲ အင်တာနက်မှတစ်ဆင့် မျက်နှာချင်းဆိုင်ဆုံတွေ့ခွင့်ရနေကြပြီးဖြစ်ပါသည်။ Online ကို အသုံးပြု၍ Online Shopping စနစ်များဖြင့် ဈေးအရောင်းအဝယ်များ ပြုလုပ်နေကြပြီဖြစ်ပါသည်။ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော ပညာရေး၊ ကျန်းမာရေး၊ အလှအပရေးရာများကို Mobile Banking များ၊ ကြိုတင်ငွေပေးချေမှုစနစ်များဖြင့်လည်း လုပ်ဆောင်နေကြပြီဖြစ်သည်။
ဆက်လက်၍ စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုကို အွန်လိုင်းမှတဆင့် ဝယ်ယူသည့်အခါ eComReg Online Sales Registration တင်ပြီးသော Website. ရှယ်မီဒီယာမှ Facebook, Facebook page, Tiktok, yotube, Viber, Telegran, Instragram, WhatApp, We Chat, Line, Messenger ငွေကြေးရယူ၍ ရောင်းချသူများ စိတ်ချရသော Page တွေမှာသာ ဝယ်ယူအသုံးပြုရန်၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းအတွက် သက်ဆိုင်သော ဥပဒေအမိန့်အာဏာကို ထုတ်ပြန်ပြီးဖြစ်၍ ၎င်းဥပဒေတွင် အခန်း(၈)ခု ပုဒ်မ (၃၀)ခုပါဝင်ကြောင်း စားသုံးသူ အကျိုးစီးပွားထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ဆောင်ရွက်ပေးထားခြင်း အွန်လိုင်းပလပ်ဖောင်း ဖောင်းပွမှုမရှိစေရန် ထိန်းကြောင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြည်သူများအား သိရှိစေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)