ဖျာပုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူတိုင်ကြားမှုများ ဖြေရှင်းပေးမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူများအရေးဆိုတိုင်ကြားလာပါက ဖြေရှင်းဆောင်ရွက်နေမှုများ၊ စီးပွားရေးလုပ်ငန်းများအား ထိခိုက်နစ်နာစေပြီး မရိုးမဖြောင့်သော သဘောဖြင့် တိုင်ကြားလာခြင်း၊ တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းပါက စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း(၂၃)၊ ပုဒ်မ (၆၂) အရ ဖောက်ဖျက်ကျူးလွန်သူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ပြီး စီးပွားရေးလုပ်ငန်းရှင် မည်သူမဆို ပုဒ်မ ၆၃/၆၄ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် မည်သူမဆိုပုဒ်မ ၆၇/၆၈ အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကိုက်ညီမှုမရှိသော ကုန်စည်များကို ထုတ်လုပ်ခြင်း ၊ ရောင်းချခြင်းများ ပြုလုပ်ပါက ပုဒ်မ ၇၃ အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည် ဖြစ်ကြောင်း စားသုံးသူတိုင်ကြားမှုများ ဖြေရှင်းပေးမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)