ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့မဈေးအတွင်းနှင့် ကျန်းမာရေးဆိုင်ရာ ဆေးအမျိုးမျိုး အရောင်းဆိုင်(၅)နှင့် စားသုံးဆီအမျိုးမျိုးရောင်းချသောဆိုင်(၆)တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် (၈.၁၁.၂၀၂၄) နေ့၊နံနက် (၁၀:၀၀) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ၌ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)က စားသုံးဆီများကို ရောင်းချသောဆိုင်များက နေ့စဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် နေ့စဉ် ဈေးနှုန်း ဗွီနိုင်းဈေးဖော်ပြ၍ သင့်တင့် မျှတသည့် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ၊ ကုန်စုံဆိုင်များတွင် ပုဇွန်(၂)ကောင် အမှတ်တံဆိပ် စားအုန်းဆီများ၊ Goody အမှတ်တံဆိပ်ပါ စားသုံးဆီ ၊ Meizam အမှတ်တံဆိပ် စားသုံးဆီ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ပစ္စည်းပြတ်လပ်မှု ရှိ၊မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေသည့် ဆိုင်များအား အဆိုပါစားသုံးဆီများ၏ အရည်အသွေးနှင့် ရောင်းချသည့် ဈေးနှုန်းတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းနှင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ (၈.၁၁.၂၀၂၄) နံနက် (၁၀၀၀)က ပန်းတနော် မြို့နယ်တွင်လည်း စားသုံးဆီအမျိုးမျိုးနှင့် ဆေးဝါးအမျိုးမျိုးကို သက်ဆိုင်ရာပူးပေါင်းဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)