၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ထားဝယ်ခရိုင် သီဟိုဠ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ TRCCI အသင်းဥက္ကဋ္ဌနှင့် သီဟိုဠ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် အသင်းအဖွဲ့စည်းမျဥ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်းရှင်းလင်းဆွေးနွေးခြင်းနှင့် TRCCI အသင်းဥက္ကဋ္ဌမှ မိမိတို့အသင်းအနေဖြင့်လည်း တက်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး သီဟိုဠ်လုပ်ငန်းရှင်များမှ အသင်းဝင်များပြန်လည်ရွေးချယ်တင်မြှောက်ခြင်းအား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)