ဒစ်ဂျစ်တယ်မာကက်တင်း (ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေး) ဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းချရန်အတွက်သော်လည်းကောင်း၊ အရောင်းမြှင့်တင်ရန်အတွက် သော်လည်းကောင်း ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနည်းလမ်းတစ်မျိုးမျိုးကိုအသုံးပြု၍ ဝက်ဘ်ဆိုဒ်၊ အပလီကေးရှင်း၊ မိုဘိုင်းကိရိယာများ၊ ရှာဖွေရေးအင်ဂျင်များတွင် ရောင်းချ၍ ဈေးကွက် ရှာဖွေခြင်းကိုဆိုခြင်းဖြစ်သည်။
ဒစ်ဂျစ်တယ်မားကတ်တင်းသည် သမားရိုးကျစျေးကွက်ရှာဖွေရေးကဲ့သို့ တူညီသောနည်းလမ်းများ၊ အခြေခံမူများစွာပါဝင်ပြီး ကုမ္ပဏီများသည် စားသုံးသူများထံချဉ်းကပ်ပြီး ၎င်းတို့၏ အပြုအမူကိုနားလည်ရန် ကုမ္ပဏီများမှ အရောင်းမြှင့်တင်ရန် ပုံစံသစ်အဖြစ်ယူဆရမည်ဖြစ်သည်။ ကုမ္ပဏီများသည် ၄င်းတို့၏ မဟာဗျူဟာနည်းလမ်းများတွင် အရောင်းမြှင့်တင်ရေးနည်းလမ်းများကိုအသုံးပြုရာတွင် မိရိုးဖလာရောင်းချခြင်းနှင့် ဒစ်ဂျစ်တယ်မားကက်တင်းနည်းလမ်းများကိုပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။ သို့ရာတွင် ဒစ်ဂျစ်တယ်မားကက်တင်းစနစ်တွင် စိန်ခေါ်မှုများလည်းရှိသည်။ ဒစ်ဂျစ်တယ်မားကက်တင်းစနစ်ကို ၁၉၉၀ပြည့်လွန်နှစ်များတွင် အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာသည့်အချိန်မှစ၍ စတင်အသုံးပြုလာကြသည်။
ဈေးကွက်ရှာဖွေရေးတွင် ကုမ္ပဏီများသည် ၎င်းတို့၏ ဈေးကွက်ဝေစုကိုမြှင့်တင်ရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ရောင်းအားကိုမြှင့်တင်နိုင်ရန် အလားလာရှိသော စားသုံးသူများကို ကုမ္ပဏီများမှ အသုံးပြုနိုင်သည့် ကျယ်ပြန်သောနည်းပညာများနှင့် မီဒီယာများကိုလွှမ်းခြုံထားသည်။ ဈေးကွက်တွင် ပိုမိုအောင်မြင်နိုင်စေရန် ကြော်ငြာနှင့် အရောင်းကျွမ်းကျင်မှုကို အချိုးကျ ပေါင်းစပ်ရန်လိုအပ်သည်။ ကျွမ်းကျင်သောဈေးကွက်ရှာဖွေရေးသမားများက ၎င်းတို့၏မတူညီသော clients များကို တစ်ဦးချင်းဖြစ်စေ၊ ကုမ္ပဏီများအတွက်ဖြစ်စေ ပြင်ပဈေးကွက်ရှာဖွေရေးကုမ္ပဏီများနှင့်ချိတ်ဆက်၍ ဝန်ဆောင်မှုပေးလေ့ရှိကြသည်။
ကုမ္ပဏီများသည် ယခင်က ရေဒီယို၊ ရုပ်မြင်သံကြားနှင့်ပုံနှိပ်ခြင်းတို့ကိုအသုံးပြု၍ ဈေးကွက်ရှာဖွေရေးလုပ်ဆောင်ခဲ့ကြသည်။ အထက်တွင်ဆိုခဲ့သည့် နည်းလမ်းများအတိုင်း ရွေးချယ်စရာများရှိသော်လည်း ဒစ်ဂျစ်တယ်မားကက်တင်းစနစ်ပေါ်ပေါက်လာသည့်အခါတွင် စားသုံးသူများအပေါ် အရောင်းမြှင့်တင်ရန် အင်တာနက်မှတစ်ဆင့် ကုမ္ပဏီများမှ ၎င်းတို့၏ ဈေးကွက်ရှာဖွေမှုကိုချဲ့ထွင်ခဲ့သည်။
နည်းပညာသစ်များပေါ်ပေါက်လာပြီးနောက် ကုမ္ပဏီများသည် ၎င်းတို့၏ ဈေးကက်ရှာဖွေရေးနည်းဗျူဟာများကို ပြောင်းလဲသုံးစွဲရန် အာရုံစိုက်လာကြသည်။ Email (အီးမေးလ်) သည် ဒစ်ဂျစ်တယ်မားကတ်တင်း၏ အစောပိုင်းကာလများတွင် ရေပန်းစားသော စျေးကွက်ရှာဖွေရေးကိရိယာတစ်ခုဖြစ်လာခဲ့သည်။ ထို့နောက် Netscape ကဲ့သို့ ရှာဖွေရေးအင်ဂျင်များဆီသို့ ကူးပြောင်းသွားပြီး၊ စီးပွားရေးလုပ်ငန်းများက ၎င်းတို့ကို စားသုံးသူများက သတိပြုမိလာစေရန် တဂ်(tag) လုပ်ရန်နှင့် အဓိကသော့ချက်စာလုံးများကို မှတ်သားနိုင်စေခဲ့သည်။ Facebook ကဲ့သို့ လူမှုပလက်ဖောင်းများဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ကုမ္ပဏီများသည် သုံးစွဲသူဒေတာများကိုခြေရာခံပြီး ၎င်းတို့၏မက်ဆေ့ချ်များကို အလွန်တိကျသော ပရိသတ်များထံ ပေးပို့နိုင်စေခဲ့သည်။
ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေး ဘယ်လိုအလုပ်လုပ်လဲ။
နည်းပညာအသစ်များနှင့် ခေတ်ရေစီးကြောင်းများသည် ကုမ္ပဏီများအား ၎င်းတို့၏ စျေးကွက်ရှာဖွေရေးဗျူဟာများကိုပြောင်းလဲရန်နှင့် ယခုအခါ ၎င်းတို့၏ဘတ်ဂျက်များကို စမတ်ဖုန်းများနှင့် အခြားသော သယ်ဆောင်ရလွယ်ကူသော စက်ပစ္စည်းများသည် ကုမ္ပဏီများအတွက် ၎င်းတို့၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စားသုံးသူများထံ စျေးကွက်တင်ရန် ပိုမိုလွယ်ကူစေသည်။ ၂၀၂၂ Pew Research Center ၏ လေ့လာမှုအရ အမေရိကန် အရွယ်ရောက်ပြီးသူ ၇၆% သည် ၎င်းတို့၏ ဖုန်းများကိုအသုံးပြု၍ အွန်လိုင်းမှ ဝယ်ယူမှုများပြုလုပ်ခဲ့ကြောင်းတွေ့ရှိခဲ့သည်။
ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးချန်နယ် အမျိုးအစားများ
ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးချန်နယ်များသည် ၁၉၉၀ခုနှစ်များကတည်းက တိုးတက်လာခဲ့ပြီး ဆက်လက်လုပ်ဆောင်ခဲ့သည်။ အောက်ဖော်ပြပါအမျိုးအစားများမှာ ယနေ့ခေတ်တွင် အသုံးအများဆုံးချန်နယ်ရှစ်ခုဖြစ်သည်။
ဝဘ်ဆိုဒ်မှ ဈေးကွက်ရှာဖွေခြင်း (Website Marketing)
ကုမ္ပဏီများသည် ၎င်းတို့၏ ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများ၏ အဓိကအကျဆုံးအချက်အဖြစ် ၎င်းတို့၏ကိုယ်ပိုင်ဝဘ်ဆိုဒ်ကိုအသုံးပြုလေ့ရှိသည်။ အထိရောက်ဆုံးဝဘ်ဆိုဒ်များသည် အမှတ်တံဆိပ်နှင့် ၎င်း၏ထုတ်ကုန်ကုန်စည်များနှင့် ဝန်ဆောင်မှုများကိုရှင်းလင်းပြတ်သားပြီး အမှတ်ရနိုင်သည့် နည်းလမ်းများဖြင့် ကိုယ်စားပြုပါသည်။ ယနေ့ဝဘ်ဆိုက်တစ်ခုသည် လျင်မြန်စွာဒေါင်းလုဒ်လုပ်ရန်၊ လျင်မြန်စွာထိတွေ့နိုင်ရန်နှင့် အသုံးပြုရလွယ်ကူအဆင်ပြေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပါသည်။
အခပေးကြော်ငြာများ(Pay- Per-Click)
Pay-per-click (PPC) ကြော်ငြာသည် စျေးကွက်ရှာဖွေသူများအား အခပေးကြော်ငြာများမှတစ်ဆင့် သတင်းနှင့် အခြားဝဘ်ဆိုဒ်များနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် ပရိသတ်များထံ ရောက်ရှိစေပါသည်။ စျေးကွက်ရှာဖွေသူများသည် Google၊ Bing၊ LinkedIn၊ X (ယခင် Twitter)၊ Pinterest နှင့် Facebook တွင် PPC လှုပ်ရှားမှုများကိုသတ်မှတ်နိုင်ပြီး ၎င်းတို့၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် ဝေါဟာရများကို ရှာဖွေနေသူများထံ ၎င်းတို့၏ကြော်ငြာများကိုပြသနိုင်သည်။
အကြောင်းအရာများဖြင့် စျေးကွက်ရှာဖွေခြင်း (Content Marketing)
အကြောင်းအရာစျေးကွက်ရှာဖွေရေး၏ပန်းတိုင်မှာ အလားအလာရှိသောဖောက်သည်များအား ၎င်းတို့စိတ်ဝင်စားသော စာဖြင့်ရေးသားခြင်း၊ အမြင်အာရုံ သို့မဟုတ် ဗီဒီယိုအကြောင်းအရာများကိုအသုံးပြုခြင်းအားဖြင့် ဖြစ်နိုင်ခြေရှိသော ဖောက်သည်များထံ ရောက်ရှိရန်ဖြစ်သည်။ ထိုအကြောင်းအရာကို အများအားဖြင့် ဝဘ်ဆိုက်တစ်ခုတွင် လွှင့်တင်ပြီးနောက် ဆိုရှယ်မီဒီယာ၊ အီးမေးလ်စျေးကွက်ရှာဖွေရေး၊ ရှာဖွေရေးအင်ဂျင်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း သို့မဟုတ် တစ်ကြိမ်တစ်ခါ ကလစ်ပေးသည့် ကမ်ပိန်းများမှတစ်ဆင့် ကြော်ငြာထားသည်။ အကြောင်းအရာ စျေးကွက်ချဲ့ထွင်ခြင်းသည် ကြော်ငြာခြင်းထက် ပိုမိုသိမ်မွေ့စေရန် ကြိုးပမ်းမှုများဖြစ်ပြီး၊ ပံ့ပိုးကူညီသူသည် စျေးကွက်ချဲ့ထွင်ရန် ကြိုးပမ်းနေသည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို အထင်အရှားမီးမောင်းထိုးပြခြင်းဖြစ်နိုင်သည်။
စာတိုပို့စနစ်ဖြင့် ဈေးကွက်ရှာဖွေခြင်း(Email Marketing)
ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးချယ်နယ်များအနက် အီးမေးကိုအသုံးပြု၍ ဈေးကွက်ရှာဖွေရှာဖွေခြင်းသည် လူများစွာနှင့်ချိတ်ဆက်ပြီး မက်ဆေ့စာတိုများမှတစ်ဆင့် ဈေးကွက်ရှာဖွေခြင်းဖြစ်သည်။ များစွာသောဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေသူများသည် ၎င်းတို့၏ ကိုယ်ပိုင်ဒစ်ဂျစ်တယ်ချယ်နယ်များဖြင့် ၎င်းတို့၏ နောက်ဆုံးပေါ်ကုန်စည်များ၊ ဝန်ဆောင်မှုများအတွက် ဝယ်ယူသူများ၏အမည်များကိုစုစည်းပြီး စာတိုပို့ကာ ဈေးကွက်ရှာဖွေလေ့ရှိသည်။ အီးမေးမှတစ်ဆင့် ဈေးကွက်ရှာဖွေခြင်းသည်လည်း စားသုံးသူ/ ဝယ်ယူသူများကို အများဆုံးဈေးကွက်ရှာဖွေပေးနိုင်သော ချယ်နယ်တစ်ခုဖြစ်လာသည်။
ဆိုရှယ်မီဒီယာကိုအသုံးပြု၍ ဈေးကွက်ရှာဖွေခြင်း(Social Media Marketing)
ဆိုရှယ်မီဒီယာကိုအသုံးပြု၍ ဈေးကွက်ရှာဖွေခြင်း၏ အဓိကရည်မှန်းချက်မှာ ကုမ္ပဏီများ/ ထုတ်လုပ်သူများက ၎င်းတို့၏ ကုန်အမှတ်တံဆိပ်(brand)များကို စားသုံးသူများပိုမိုသိရှိလာနိုင်စေရန်နှင့် ၎င်းတို့၏ ထုတ်ကုန်များနှင့်အမှတ်တံဆိပ်များအပေါ် စားသုံးသူများ ယုံကြည်မှုပိုမိုတိုးပွားလာစေရန် ရည်ရွယ်ပါသည်။ ဆိုရှယ်မီဒီယာမားကက်တင်းကိုအသုံးပြု၍ ဈေးကွက်ရှာဖွေခြင်းဖြင့် စားသုံးသူများနှင့်တိုက်ရိုက်ထိတွေ့နိုင်စေပြီး မိမိတို့တင်ပြလိုသော အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေသည့်အတွက် ယနေ့ခေတ်တွင် အသုံးများသော ဈေးကွက်ရှာဖွေခြင်းပုံစံတစ်မျိုးဖြစ်သည်။ ဆိုရှယ်မီဒီယာစျေးကွက်သို့ နက်ရှိုင်းစွာဝင်ရောက်လာသည်နှင့်အမျှ ဦးဆောင်မှုများရယူရန်နှင့် တိုက်ရိုက်စျေးကွက်ရှာဖွေရေး သို့မဟုတ် အရောင်းချန်နယ်အဖြစ် ၎င်းကို သင်အသုံးပြုနိုင်ပါသည်။ ယနေ့ခေတ်တွင် ကြော်ငြာထားသောပို့စ်များနှင့် တွစ်တာများသည် ဆိုရှယ်မီဒီယာစျေးကွက်ရှာဖွေခြင်း၏ ဥပမာနှစ်ခုဖြစ်သည်။
Affiliate Marketing
Affiliate Marketing သည် ရှေးအကျဆုံး စျေးကွက်ရှာဖွေရေးပုံစံများထဲမှတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်ကမ္ဘာတွင် ယင်းပုံစံကို ပုံစံသစ်ဖြင့် ဖန်တီးခွင့်ပြုထားသည်။၎င်းကို ဘဝသစ်ပေးထားသည်။ Affiliate Marketing တွင် ကုမ္ပဏီများနှင့် တစ်ဦးချင်း လွှမ်းမိုးနိုင်မှုရှိသူများ၊ နာမည်ကြီး (influencersများ၊ celeများနှင့်ပူးပေါင်း၍ အခြားကုမ္ပဏီ၏ ထုတ်ကုန်များကိုမြှင့်တင်ကာ အရောင်းတစ်ခုပြုလုပ်သည့်အခါ သို့မဟုတ် ၎င်းတို့၏စာရင်းတွင် အသစ်ထပ်မံထည့်သွင်းလိုက်တိုင်း ကော်မရှင်တစ်ရပ်ရရှိမည်ဖြစ်သည်။ Amazon အပါအဝင် နာမည်ကြီးကုမ္ပဏီများစွာတွင် ၎င်းတို့၏ထုတ်ကုန်များကိုရောင်းချရာ၌ အထောက်အကူဖြစ်စေသော လုပ်ငန်းခွဲများ၊ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများထံ ဒေါ်လာသန်းပေါင်းများစွာပေးဆောင်နေသည့် တွဲဖက်ပရိုဂရမ်များရှိသည်။
ဗီဒီယိုစျေးကွက်ရှာဖွေခြင်း(Video Marketing)
အင်တာနက်အသုံးပြုသူအများအပြားသည် ဝယ်ယူရန် ဆုံးဖြတ်ချက်မချမီ ယူကျု (You Tube) ကဲ့သို့သော ချယ်နယ်များတွင် အသုံးပြုနည်းများ၊ သုံးသပ်ချက်များကိုဖတ်ခြင်းများပြုလုပ်လေ့ရှိသည်။ စျေးကွက်ရှာဖွေသူများသည် ဗီဒီယိုစျေးကွက်ရှာဖွေရေးကမ်ပိန်းတစ်ခုလုပ်ဆောင်ရန် Facebook ဗီဒီယိုများ၊ Instagram နှင့် TikTok အပါအဝင် ဗီဒီယိုစျေးကွက်ရှာဖွေရေးပလက်ဖောင်းများစွာကိုအသုံးပြုနိုင်သည်။ ကုမ္ပဏီများသည် အကြောင်းအရာစျေးကွက်ရှာဖွေရေးနှင့် ပိုမိုကျယ်ပြန့်သော ဆိုရှယ်မီဒီယာစျေးကွက်ရှာဖွေရေးလှုံ့ဆော်မှုများနှင့် ပေါင်းစပ်ခြင်းဖြင့် ၎င်းတို့၏ထုတ်ကုန်များကို စိတ်ဝင်စားမှုမြင့်တက်စေရန် ဗီဒီယိုဖြင့် အောင်မြင်မှုအရှိဆုံးနည်းလမ်းများကိုရှာဖွေကြသည်။
စာတိုပေးပို့ခြင်းဖြင့် ဈေးကွက်ရှာဖွေခြင်း(Text Messaging)
ကုမ္ပဏီများသည် ၎င်းတို့၏နောက်ဆုံးထွက်ကုန်များနှင့် ပရိုမိုးရှင်းများအကြောင်း အချက်အလက်ပေးပို့ရန် စာသားမက်ဆေ့ခ်ျများ (တရားဝင် SMS သို့မဟုတ် မက်ဆေ့ချ်တိုဝန်ဆောင်မှုဟု လူသိများသည်) ကိုလည်းအသုံးပြုပါသည်။ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများနှင့် နိုင်ငံရေးကိုယ်စားလှယ်လောင်းများသည် ၎င်းတို့ကိုယ်ကိုမြှင့်တင်ရန်နှင့် အလှူငွေတောင်းခံရန်အတွက် စာတိုပေးပို့ခြင်းကိုအသုံးပြုပါသည်။ ယနေ့ခေတ်တွင် စျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများစွာသည် စားသုံးသူများအတွက် ရိုးရှင်းသောစာသားမက်ဆေ့ခ်ျမှတစ်ဆင့် ငွေပေးချေမှု သို့မဟုတ် လှူဒါန်းမှုများပြုလုပ်နိုင်စေပါသည်။
ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေခြင်းနှင့်စိန်ခေါ်မှုများ
ဒစ်ဂျစ်တယ်ကမ္ဘာသည် စျေးကွက်ရှာဖွေသူများအတွက် အထူးစိန်ခေါ်မှုများဖြစ်သည်။ ဥပမာအားဖြင့် ဒစ်ဂျစ်တယ်ချန်နယ်များ လျင်မြန်စွာတိုးပွားလာကာ စျေးကွက်ရှာဖွေသူများသည် ၎င်းတို့ကိုအမီလိုက်၍ ထိရောက်စွာ အသုံးပြုနည်းကိုရှာဖွေဖော်ထုတ်ရမည်ဖြစ်သည်။ စျေးကွက်ရှာဖွေသူများသည် ဤပလက်ဖောင်းများမှတစ်ဆင့် ၎င်းတို့ဖမ်းယူနိုင်သော ဒေတာပမာဏများစွာကို ခွဲခြမ်းစိတ်ဖြာရန်နှင့် အကျိုးရှိရှိအသုံးပြုရန် စိန်ခေါ်မှုများကိုတွေ့ရှိနိုင်သည်။ အရေးကြီးဆုံးမှာ စားသုံးသူများသည် ဒစ်ဂျစ်တယ်ကြော်ငြာများနှင့် အခြားသော အာရုံထွေပြားမှုများကြောင့် ပိုမိုများပြားလာပြီး ၎င်းတို့၏အာရုံစိုက်မှုကိုဖမ်းယူရန် ပိုမိုခက်ခဲလာနိုင်သည်။
sources-Investopedia.com
DOCA(မန္တလေး)