Main menu

ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့၊ ကျွန်းညိုကြီးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ပခုက္ကူခရိုင်ဦးစီးမှူးက ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနှင့် ပေါ်ပေါက်လာပုံ အကြောင်းအရာများကိုလည်းကောင်း၊ ရေစကြို မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ၊ စားသုံးသူများ နေ့စဉ် ဝယ်ယူ အသုံးပြုလျက်ရှိသည့် ကုန်စည်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်နှင့် တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နေရာများ အကြောင်းကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)