Main menu

စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေဖို့ အသိပညာဟောပြောဆွေးနွေးစို့

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ ကျွန်းဦးကျေးရွာ၊ အခြေခံ ပညာမူလတန်းကျောင်း၌ စားသုံးသူများ အသိပညာတိုးပွားစေရေး၊ စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်၊ အခွင့်အရေးများကို သိရှိနားလည်ပြီး တောင်းဆို၍ ကုစားခွင့်များရရှိစေရေး၊ ကျောင်းနေအရွယ်ကလေးများ ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များ ရွေးချယ်ဝယ်ယူ စားသုံးတတ်စေရေးအတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

   စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် အကြောင်းအရာနှင့် တိုင်ကြားနိုင်သူများ၊ တိုင်ကြားမည့်နေရာများအကြောင်းကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲမှ တာဝန်ခံက စားသုံးသူကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားနှင့် စပ်လျဉ်းသည့် အကြောင်းအရာများအားလည်းကောင်း  ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မကွေး)