Main menu

ပန်းတနော်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှု ရှိ/မရှိ ကွင်းဆင်း မေးမြန်းဆောင်ရွက်

Powered by Drupal

      (၁၃.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်က ပန်းတနော်မြို့မဈေး၊ အရှေ့ပိုင်းရပ်ကွက်ဈေး၊ အနောက်ပိုင်းရပ်ကွက်ဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၈) ဆိုင်သို့ ကွင်းဆင်းသွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဈေး၊ဈေးတန်းများရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ရောင်းချနေမှုအခြေအနေများကို သိရှိရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
     ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်သည် ပန်းတနော် မြို့နယ်တွင်းရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဈေးနှုန်းများ၊ သား၊ ငါး၊ ကြက်၊ ဝက်၊ ဆိတ်၊ ဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို သင့်တင့်သည့် ဈေးနှုန်းများအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိ၊ ဈေးနှုန်းအတက်အကျရှိ/မရှိကို ကွင်းဆင်းမေးမြန်း၍ အပတ်စဉ် မြေပြင်အမှန်တကယ်ရောင်းချဈေးနှုန်းများကို စာရင်းကောက်ယူ၍ ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိပြီး၊ ပန်းတနော်မြို့နယ် အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်နှင့် သား၊ငါးများ အလှူအတန်း ရက်ဖြစ်၍ အနည်းငယ်သာ ဈေးတက်၍ အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ယခင်လ အောက်တိုဘာလ ပထမပတ်နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်တက်ကြောင်း၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ စျေးနှုန်းအနည်းငယ် တက်ပြီး အလှူအတန်းရက်ဖြစ်၍ ဈေးအနည်းငယ်တက်ကြောင်း ကုန်မျိုးစုံများကိုလည်း  ပွင့်လင်းရာသီဖြစ်၍ ပိုမိုရောင်းချရကြောင်းသိရပြီး၊ ဈေးရောင်းချသူလုပ်ငန်းများကို ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး ဈေးနှုန်းကောက်ယူ ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)