စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေ အောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့ အတွက် (၁၄.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျွန်းလှမြို့နယ် ကျီကုန်းစံပြကျေးရွာရှိ အလယ်တန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီကိုမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံက စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ အဓိပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့မှာ ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခုပါဝင်ပြဌာန်းထားကြောင်း၊ စားသုံးသူများအနေနဲ့ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း ၊ တိုင်ကြား နိုင်သည့် နေရာများဖြစ်သည့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC) တွင်လည်းကောင်း ၊ Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ဌာန Website ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း တိုင်ကြားနိုင်ပြီး စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center No. 1535 အား ဖွင့်လှစ်ထားရှိကြောင်း ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၈၄)ဦး၊ စုစုပေါင်း (၁၉၆)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး (၂/၂၀၁၉) ညွန်ကြားချက်ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
DOCA(စစ်ကိုင်း)