Main menu

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့သီဟိုဠ်စေ့ထုတ်လုပ်သည့်စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးသည် တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့၊ မြို့သစ်(၄)လမ်းရှိ သီဟိုဠ်စေ့ထုတ်လုပ် တင်ပို့‌ရောင်းချနေသည့် KKL စက်ရုံသို့သွားရောက်၍ သီဟိုဠ်စေ့ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုအဆင့်ဆင့်၊ ရောင်းချနေသည့်ဈေးနှုန်း/ဈေးကွက်များအား သွားရောက်လေ့လာ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

     တနင်္သာရီတိုင်းဒေသကြီးတွင် သီဟိုဠ်စေ့များအား ကုန်ကြမ်းအဆင့်မှ ပြည်တွင်းနှင့်ပြည်ပ ရောင်းချမှုကုန်ချောအဆင့်ထိ ဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိသီဟိုဠ်စေ့ (၁) ပိဿာလျှင် (၆၅၀၀၀)ကျပ်ခန့် ရရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)