Main menu

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်း ဟင်းသီးဟင်းရွက် ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

     ခရမ်းချဉ်သီး အနေဖြင့် ဒေသအတွင်းရှိ စိုက်ခင်းများ ပျက်စီးမှုနှင့်အထွက်နှုန်း လျော့ကျခဲ့မှု အောင်ပန်း ဈေးကွက်သို့ဝင်ရောက်မှုများခဲ့သော အင်းလေးဒေသရှိ စိုက်ခင်းများ ပျက်စီးမှုအနေ အထားကြောင့် ဈေးနှုန်းမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ နိုဝင်ဘာလကုန်ခန့်တွင် ‌ဒေသတွင်း ပြန်လည်ထွက်ရှိမှုနှင့် ပျော်ဘွယ်၊ မိတ္ထီလာတို့မှ ဝင်ရောက်မှုများရှိလာမည်ဖြစ်‌သဖြင့် ဈေးနှုန်း လျော့ကျ  များရှိလာနိုင်ပါသည်။

    ဂေါ်ဖီထုပ်မှာ အောင်ပန်းဈေးကွက်မှ ပုံမှန်ဝင်ရောက်မှုရှိသည်ကို တွေ့ရပါသည်။ ဝင်ရောက်လာသော ဂေါ်ဖီထုပ်များသည် အရွယ်အစားသေးငယ်ခြင်း၊ အရည်အသွေးနိမ့်ကျမှုများကြောင့် ဈေးနိမ့်ကျမှု အနေအထားကို ဖြစ်‌‌စေခဲ့ပါသည်။

      ပန်းဂေါ်ဖီဒေသတွင်း စိုက်ပျိုးမှုမှာ ပျိုးထောင်သည့် အခြေအနေ စတင်သည့် အချိန်ကာလ ဖြစ်သောကြောင့် အောင်ပန်းဈေးကွက်မှသာ ဝင်ရောက်မှုရှိနေပါသည်။ ‌‌အောင်ပန်းဈေးကွက်သို့ ဝင်ရောက်မှုမှာလည်း နည်းပါးကြောင်းတွေ့ရပါသည်။ ဒေသတွင်းဈေးကွက်များသည်လည်း မြင့်တက်မှု ရှိခဲ့ပါသည်။

      ပဲတောင့်ရှည် အနေဖြင့် မိုးဦးကာလအတွင်း ထွက်ရှိမှုများပြီး ဈေးနှုန်းနိမ့်ကျသည့်အနေအထားတွင် ရှိခဲ့သော်လည်း ထွက်ရှိမှုနည်းပါးသည့်ကာလနှင့် စိုက်ခင်းများပျက်စီးမှုရှိခဲ့၍ ဝင်ရောက်မှု လျော့ကျခဲ့ မှုနှင့်အတူ ဈေးနှုန်းမြင့်တက်မှု ရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)