ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ပြည်သူများတွက် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ၁၉.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀) နာရီက ဆားမလောက်ကျေးရွာ၊ ဓမ္မာရုံ၌ ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ဆားမလောက်ကျေးရွာပြည်သူ အိမ်ထောင်စု (၁)စုလျှင် ဆန်(၂)ပြည် ၃၀၀၀ ကျပ်၊ ဆီ(၅၀)ကျပ်သား ၃၅၀၀ ကျပ် ဖြင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၃၀၀)ခန့်အား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ရောင်းချပေးခြင်းကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ရက်ကွက်/ကျေးရွာအုပ်စုများသို့ အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
DOCA(ဧရာဝတီ)