Main menu

ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုခန်းမတွင် Talk Show အစီအစဉ်ဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၁၉.၁၁.၂၀၂၄) နေ့နံနက် (၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

   အသိပညာပေး ဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအကြောင်းမေးမြန်းရာ ညောင်တုန်းမြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်းဆိုင်ရာသိကောင်းစရာကို ရှင်းလင်းပြောကြားရာ၊ Lable တံဆိပ်ဖော်ပြရာတွင် စားသုံးသူနှင့် ကုန်ပစ္စည်းအကြား ကြားခံတစ်ခုအဖြစ် ကုန်စည်၏ အချက်အလက်ကို ဖော်ပြသော ပုံစံသင်္ကေတ ပုံစံအမျိုးမျိုးအကြောင်း၊ကုန်စည်တွင် ဈေးနှုန်း၊ သက်တမ်းကုန်ဆုံးရက် ပါဝင်ပစ္စည်းများ၊ ပါဝင်ဖော်ပြရမည့်အကြောင်း စားသုံးသူတို့ ကုန်စည်ကိုရွေးချယ်ပြီးဆိုလျှင် ၎င်းအချက်အလက်များကို ကြည့်ရှုတက်ကြသဖြင့် စားသုံးသူသိသင့်သော အချက်ဖြစ်၍ ဖော်ပြပါဝင်ရန် လိုအပ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရန်အတွက် ဥပဒေအရ ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်မှာ စားသုံးသူကာကွယ်‌ရေး ဥပဒေပြဌာန်း အာဏာတည်သလို၊ ၂၀၂၀ပြည်နှစ် မတ်လ ၁၆ရက်မှာ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက် စတင်အာဏာသက်ဝင်ရန် ပြဌာန်း၍ ကုန်စည်များ တွင်ဖော်ပြနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း စားသုံးသူနှင့် လုပ်ငန်းရှင်များ သိရှိနားလည်စေရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကို သိရှိလိုသော်လည်းကောင်း၊ စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာပါကလည်း ဆက်သွယ်တိုင်ကြားလို လွယ်ကူသော  Telenor, Ooredoo, Mytel User ဖြစ်ပါက Consumer Call Center 1535 သို့လည်းကောင်း၊ MPT User ဖြစ်ပါက ၀၉၇၆၅၄၃ ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်ပြီး သိရှိလိုသည်များ စုံစမ်းနိုင်ပါကြောင်း စားသုံးသူရော၊ လုပ်ငန်းရှင်အများပြည်သူ သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)