Main menu

ဆေးပစ္စည်းများ၊ အလှကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်မုန့်များ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှု ရှိစေရေ ကွင်းဆင်း အသိပညာပေး

Powered by Drupal

   မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၊ စားသုံးကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ဈေးနှုန်း မှန်ကန်မှုရှိစေရေး အသိပညာပေး စိစစ်ဆောင်ရွက်ခြင်းကို ၂၀.၁၁.၂၀၂၄ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်က မြို့ပေါ် ဈေးဆိုင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

    ထိုသို့ကွင်းဆင်းစီစစ်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့်အတူ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၊ စားသုံးကုန်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမှန်ကန်စေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း မရှိစေရေးအတွက် အသိပညာပေးခဲ့ပြီး၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ လစဉ် ဈေးကွက်စောင့်ကြည့် ရှောင်တခင် စစ်ဆေးမည်ဖြစ်သဖြင့် စစ်ဆေးဆောင်ရွက်ချိန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊ ကုန်ပစ္စည်းများ သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိရပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)