Main menu

သင်္ဃန်းကျွန်းဈေးအတွင်းရှိ ဆန်ဈေးနှုန်းများကိုစစ်ဆေးရန် ဈေးတာဝန်ခံနှင့်တွေ့ဆုံညှိနှိုင်းခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ အသင်းမှသတ်မှတ်ထားသည့် ဆန်ဈေးထက် အပြင်ဈေးမြင့်တက်နေဆဲ သတင်းနှင့်ပတ်သက်၍ ဆန်စပါးထွက်ရှိမှုအခြေအနေ၊ ဆန်စပါးဈေးကွက်၊ ဈေးနှုန်းအခြေအနေတို့စိစစ်သုံးသပ်ပြီး ဆန်ဈေးနှုန်းများစစ်ဆေးရန်အတွက် (၂၀-၁၁-၂၀၂၄)ရက်နေ့တွင် အရှေပိုင်းခရိုင်၊ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများသည် ဈေးစည်ပင်သာယာရေးကော်မတီရုံးမှ တာဝန်ခံတို့နှင့်တွေ့ဆုံပြီး ဆန်ဈေးနှုန်းများကောက်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)