Main menu

အင်္ဂပူမြို့နယ်အတွင်း သက်တမ်းလွန်ဆေးဝါးများရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၂၁.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်အတူ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များတွင် သက်တမ်း လွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် ထူးကြီးမြို့ပေါ်ရပ်ကွက်တွင် ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းများမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ Registration မရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ဆေးမျိုးစုံအရောင်းဆိုင်(၉)ဆိုင်အား ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)