Main menu

ခရိုင်ဆင့်ဌာနဆိုင်ရာများအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်ခြင်းလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

   (၂၁.၁၁.၂၀၂၄)ရက်နေ့၊နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါသည်။

    ခရိုင်ဦးစီးမှူးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း၊ မှတ်ပုံတင်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးရာတွင် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် အမိန့်ကြေငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကြေငြာစာအား ရှင်းလင်းဆွေးနွေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်ခြင်းအတွက် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်း၊ အွန်လိုင်းရောင်းချခြင်းနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အွန်လိုင်းရောင်းချသူများအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ကြရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)