Main menu

မြိတ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ပေါက်လာရေး သင်တန်းများဖွင့်လှစ်

Powered by Drupal

       ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မြိတ်ခရိုင်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးနှင့် ကျေးလက်နေလူနေမှု အဆင့်အတန်းမြင့်မားလာစေရေးအတွက် မြိတ်မြို့၊ ရွှေဘေးကျေးရွာအုပ်စုရှိ ရပ်ကွက်နေပြည်သူများအား စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ သင်တန်းတွင် မုန့်များပြုလုပ်နည်းများ၊ အချိုရည်ပြုလုပ်နည်းများနှင့် ယိုထိုးနည်းများ ပါဝင်ပြီး တာရှည်အထားခံရန် ပြုလုပ်နည်းများအား သင်ကြားပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)