၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်(စနေနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအားကျင်းပခဲ့ရာ အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကာ အတွင်းရေးမှူး၊ တိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီးအမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာမှ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တက် ရောက်လာသော အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးအား နေ့လယ် (၁၂း၀၀) နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)