Main menu

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူရောင်းချမှုအား အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

    ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံး သူရေးရာဦးစီးဌာနသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်းစွာဝယ်ယူနိုင်ရေးနှင့် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူရောင်းချခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိစေရန်ရည်ရွယ်၍ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာနှင့် အွန်လိုင်းဖြင့် စျေးဝယ်ယူမည်ဆိုပါက သတိထားဝယ်ယူသင့်သည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပါသည်။

    အသိပညာပေး ဟောပြောဆွေးနွေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်နှင့် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက သတိထားသင့်သော အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း၊ အွန်လိုင်းဖြင့်ရောင်းချမည်ဆိုပါက မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)