၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း ရွေးချယ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ TRCCI အသင်းဥက္ကဋ္ဌ နှင့် ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များမှ ဆန်စပါးကုန်သည်များ တက်ရောက်ခဲ့ပါ သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူးမှ မှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်း၊ TRCCI အသင်းဥက္ကဋ္ဌမှ ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်အလိုက် ဆန်စပါးကုန်သည်များမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ ဆန်စပါးကုန်သည်များမှ တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း EC၊ CEC များရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ရွေးချယ်ခံရသည့် တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)