Main menu

ကျောင်းကုန်းမြို့နယ်၊ ကုန်စုံဆိုင်များရှိ ဘူးဆီများတွင် ကုန်ညွှန်းအညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၆.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဘူးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ဘူးဆီများ၌ FDA ထောက်ခံချက် ဖော်ပြထားရှိမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိမှု၊ အလေးချိန်၊ အချိန်အတွယ်များအား စစ်ဆေးခဲ့ရာ မြန်မာယူနစ် ပိဿာ၊ ကျပ်သားတို့ဖြင့်ဖော်ပြထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသောဘူး ဆီများအား ရောင်းချခြင်းမပြုရန် သတိပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)