ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၂၆.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် ကျုံပျော်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတွင် ရွှေဆိုင်အသင်းဥက္ကဋ္ဌအား ခေါ်ယူတွေ့ဆုံ၍ ရွှေလုပ်ငန်းရှင်များ လိုင်စင်လျှောက်ထားရန် ကိစ္စရပ်များ၊ Online Sale ရောင်းချနေသည့်အသင်းဝင် ရွှေဆိုင်များအား မှတ်ပုံထားရှိမှုရှိ/မရှိနှင့် မှတ်ပုံတင်ထားရှိပြီးဆိုင် အခြေအနေများအား မေးမြန်းခဲ့ပြီး၊ မှတ်ပုံတင်ထားရှိရာတွင် လိုအပ်သည့်အချက်များနှင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)