စားသုံးသူရေးရာဦးစီးဌာန ၊ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၀.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒပါ စားသုံသူအခွင့်အရေးများနှင့် အွန်လိုင်းဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူများအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်းစသည့် အခွင့်အရေးများ ရရှိနိုင်ပြီး၊စားသုံးသူနစ်နာဆုံးရှုံးမှု ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားခွင့်ရရှိနိုင်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)