ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ်၌ စားသုံးသူပြည်သူများ၏ အခြေခံ စားသောက် ကုန်ဖြစ်သည့် ကြက်ဥများအားသက်သာသောဈေးနှုန်းဖြင့် နိုဝင်ဘာလ(၂၇) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ခရမ်းမြို့နယ် ရပ်ကွက်၊ကျေးရွာများသို့ လှည့်လည်ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဖြူးရောင်းချခဲ့ရာတွင် ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့ပူးပေါင်း၍ စားသုံးသူပြည်သူ သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးမှုအရ ခရမ်းမြို့နယ် ရပ်ကွက်၊ကျေးရွာများသို့သွားရောက်၍ ကြက်ဥတစ်လုံးလျှင်ငွေကျပ် (၃၈၀)နှုန်း(၁၀)လုံးလျှင် (၃၈၀၀)ကျပ် ဖြင့်ရောင်းချပေးခဲ့ကြောင်းနှင့် နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန်စီစဉ်ထားကြောင်း သိရသည်။
DOCA(ရန်ကုန်)