၂၈.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် Mega Lifesciences Co.Ltd (မော်လမြိုင်ရုံးခွဲ)မှ တင်ပြလာသည့် ပျက်စီး၍ သက်တမ်းလွန်နေသော ဆေးဝါးများ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မော်လမြိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မော်လမြိုင်မြို့နယ်၊ မုရောင်းအမှိုက်ကျင်းတွင် မြေမြုပ်ဖျက်စီးခြင်းတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖျက်စီးခဲ့သောပစ္စည်းများမှာ ဆေးဝါးနှင့် လူသုံးကုန်၊ စားသောက်ကုန်များ ဖြစ်သော ဆေးဝါး (Tablet) (၁၇) မျိုး၊ ဆေးဝါး (Capsule) (၆)မျိုး၊ ဆေးဝါး (Suspension) (၁) မျိုး၊ ဆေးဝါး (Injection) (၁) မျိုး၊ ခေါင်းလိမ်းဆီ (၅) မျိုး၊ Lactogea နို့မှုန့် (၁) မျိုး၊ Dettol Spray (၁) မျိုး၊ Bio Oil Gel (၁) မျိုး၊ Lipstick (၃) မျိုး၊ Shower (၄) မျိုး၊ အစွန်းချွတ်ဆေး (၂) မျိုးတို့ကို ကြိတ်ချေ၍ မြေမြုပ်ဖျက်စီးခြင်း၊ အခင်းပေါ်တွင် ကြိတ်ချေပြီး တွင်း (၄ ပေ အကျယ်၊ အနက် ၁၀ ပေ)တွင် မြေမြုပ်ဖျက်စီးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)