Main menu

လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၆.၁၁.၂၀၂၄) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့အဝေးပြေးလမ်းမရှိ ရွှေစင်ဦးဟိုတယ်သို့ သွားရောက်ပြီး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်ရာ၌ သွားလာ၊ စားသောက်၊ နေထိုင်ရေးတို့မှာ အရေးကြီးသဖြင့် ဒေသအလိုက် အစားအသောက်များ ကောင်းမွန်ရန်၊ တည်းခိုနေထိုင်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေစေရန်နှင့် ရောင်းချသည့်အစားအစာများ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးညီညွတ်သည့်အစားအစာများဖြစ်စေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူများတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)