နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဆွေနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊
ဆွေးနွေးပွဲတွင် ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်(ဒုကြီးကြပ်ရေးမှူး)မှ Online Shop နှင့်ပတ်သက်၍ စားသုံးသူပြည်သူများလိုက်နာရမည့် သတိပေးချက်များအကြောင်း သိကောင်းစရာများ၊ Online Shop များမှ ဝယ်ယူသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့်အချက်များ၊ Online ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့် အချက်များနှင့် ပတ်သတ်၍ Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အရာထမ်း၊ အမှုထမ်းများမှ သိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)