မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်နိုင်ရေး လိုင်စင်လျှောက်ထားမှုနှင့် တရားမဝင်ဆေးဝါးများ စျေးကွက်အတွင်း ဝင်ရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ၂၈.၁၁.၂၀၂၄ ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီက ဓနုဖြူမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံ၍ ပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်အတွင်း ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်နိုင်ရေးလိုင်စင် ရှိ/မရှိနှင့် ဆေးနှင့် ဆေးပစ္စည်း အမျိုးမျိုးရောင်းချသော လုပ်ငန်းလိုင်စင် သတ်တမ်းကျော်နေပါက တိုးမြှင့်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေး၊ ဈေးကွက်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်စွာရောင်းချနိုင်ရေး၊ ဆေးပစ္စည်းများ မရောင်းချပဲ သိုလှောင်ထားခြင်းမပြုလုပ်ရန်ကိုလည်းကောင်း၊ တရားမဝင်ဆေးဝါးများ စျေးကွက်အတွင်း ရောက်ရှိမှု မရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းကို တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ရဲတပ်ဖွဲမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့က ဓနုဖြူမြို့နယ် ရပ်ကွက်အတွင်း ပုဂ္ဂလိကဆေးခန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေများ၊ မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ကြသည်။
DOCA(ဧရာဝတီ)