စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်း စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးအချို့မှ ထွက်ရှိသည့် စားသောက်ကုန်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ကုန်စည်များနှင့် တိုင်းပြင်ပမှ ဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ စစ်ဆေးရာတွင် (၂.၁၂.၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားဖိုဆောင်ကုန်ဈေးနှုန်းများကို အရှေပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ပူးပေါင်း၍ ပုဇွန်တောင်မြို့နယ် ဈေးအတွင်းရှိ စားဖိုဆောင်သုံးပစ္စည်းအမျိုးမျိူးဖြစ်သော ဆီ၊ ဆန်၊ဆား၊ ငရုပ်၊ ကြက်သွန်နီ/ ဖြူ၊ ကုလားပဲ၊ အာလူး၊ သကြားစသည်တို့ကို ဈေးနှုန်းစာရင်းကောက်ယူလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)