စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်း စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးအချို့မှ ထွက်ရှိသည့် စားသောက်ကုန်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ကုန်စည်များနှင့် တိုင်းပြင်ပမှ ဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ စစ်ဆေးရာတွင် (၄.၁၂.၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ ငါးကြင်း၊ ငါးမြစ်ခြင်း၊ ရေချိုငါးခူ၊ မွေးမြူရေးကြက်၊ မြန်မာကြက်၊ ဝက်သား၊ ဘဲသား၊ အမဲသား၊ ဆိတ်သား စသည့်ဈေးနှုန်းများကို အရှေပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ပူးပေါင်း၍ ဈေးနှုန်းစာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)