Main menu

မုံရွာမြို့၊ ရက်ကန်းနှင့် သက်မွေးသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက် နံနက် (၁၀:၀၀) နာရီအချိန်က မုံရွာမြို့၊ ရက်ကန်းနှင့် သက်မွေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် စုစုပေါင်း ( ၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက ရက်ကန်းနှင့် သက်မွေးသင်တန်းကျောင်းမှ ဝန်ထမ်းများအား အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာ ပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကား ပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန် များ ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် စားသောက်ကုန်များ ထုတ်လုပ်သင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများ အပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအ ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများ မှတ်ပုံတင်ခြင်း အကြောင်းများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

      ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများက စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည့် မေးမြန်းချက်များအပေါ်  တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)