စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား (၄.၁၂.၂၀၂၄)ရက်နေ့တွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ စားအုန်းဆီအား ကသာမြို့ ရပ်ကွက်(၇)ရှိ ဆီကုန်သည် ဒေါ်ချိုတီ၏နေအိမ်တွင် ရောင်းချပေးခဲ့ရာ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှ သွားရောက်ကြီးကြပ်ခဲ့ပြီး ဝန်ထမ်းဦးရေ (၂၂၀၀) အား သင့်တော်သော ဈေးနှုန်းဖြင့် တစ်ဦးလျှင် (၅၀) ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)