ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးနှင့်မှ ဝန်ထမ်းများသည် (၄.၁၂.၂၀၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မအူပင်မြို့၊ ၁ရပ်ကွက်ရှိ မင်္ဂလာဈေး၊ အခွန်လွတ်ဈေး၊ မြို့မဈေးတို့တွင် ရောင်းချလျက်ရှိသော အသင့်စားမုန်အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စစ်ဆေးရာတွင် ဈေးကွက်တွင်ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ကန့်သတ်တားမြစ်ထားသည့် မုန့်များရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သောထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော မုန့်များရောင်းချခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်းရောင်းချနေသော မုန့်များသည် သတ်မှတ်ညွှန်ကြားချက်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထို့နောက် အသင့်စားမုန့်အမျိုးမျိုးရောင်းချသော ဆိုင်ရှင်များအား စားသုံးသူများ ဘေးအန္တရာယ် ကင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များအား ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချစေရန်နှင့် သက်တမ်းလွန် မုန့်များရှိပါက ပြန်လည်းလဲလှယ်စေပြီး ရောင်းချခြင်း မပြုရန်ကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)