Main menu

ပခုက္ကူနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူများ စားသုံးသူကာကွယ်ရေး ဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့် တာဝန်များအားသိရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်များ ကင်းရှင်းပြီး ဈေးကွက်များ ပိုမိုရရှိစေရန် ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း အသိပညာပေးလျက်ရှိပါသည်။

    ပခုက္ကူခရိုင်အနေဖြင့် နိုဝင်ဘာလအတွင်းတွင် ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူး၊ ပခုက္ကူမြို့နယ် တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့နယ်ရှိ ကျွန်းညိုကြီးကျေးရွာ အ.လ.ကကျောင်း၊ ကျွန်းဦးကျေးရွာ၊ အ.မ.ကကျောင်း၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ “မြဧရာ”ခန်းမ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများအား အသိပညာပေးခြင်း(၄)ကြိမ်၊ပခုက္ကူမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်ရှိ “အကယ်ဒမီ”နှင့် မုန့်မျိုးစုံ၊ အမှတ်(၈)ရပ်ကွက်ရှိ “ကောင်းသီရိ” အုန်းကပ်စေး၊ အမှတ်(၃)ရပ်ကွက်ရှိ “နေလင်း၊ ရွှေလရောင်နှင့် ဒေါ်မြဝင်း”ဆုံဆီလုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးခြင်း (၅) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

   ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာနှင့် ရွာသစ်ရပ်ကွက်ရှိ အ.မ.ကကျောင်းများတွင် (၁)ကြိမ်၊ ပတ္တမြားဈေးရှိ ကွမ်းစားဆေးနှင့် ဓာတ်မြေဩဇာလုပ်ငန်းရှင်များထံသို့ (၂)ကြိမ် သွားရောက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဂန့်ဂေါခရိုင်အနေဖြင့် ကျောတိုက်ရပ်ကွက်ရှိ အ.လ.က(ခွဲ) ကျောင်းသို့ အသိပညာပေးခြင်း(၁)ကြိမ်နှင့် မြို့နယ်စည်ပင်သာယာရုံးတွင် သောက်ရေသန့်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ အသိပညာပေးခြင်းများ (၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)