Main menu

ဆိပ်ဖြူမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၄.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူပြည်သူများကို စားသုံးသူ ကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် ကုန်စည်၊ ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်၊ အခွင့်အရေးများကို သိရှိနားလည်ပြီး တောင်းဆို၍ ကုစားခွင့်များရရှိစေရေး ကျောင်းနေအရွယ်ကလေးများ ဘေးကင်း လုံခြုံမှုရှိသော ကုန်စည်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရေး ရည်ရွယ်၍ ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ “ငွေသဲဖြူ”ခန်းမ၌ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး(၆၅)ဦးအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

    အဆိုပါအသိပညာပေးဟောပြောပွဲများတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ ဆွေးနွေးရာတွင် ဌာန၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ၊ စားသုံးကာကွယ်ရေးဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်းအရာနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)