Main menu

အသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(ဒု-ဦးစီးမှူး) ဦးဆောင်၍ (၆-၁၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊အခြေခံပညာမူလတန်းလွန် ကျောင်း(စက်ကုန်း)နှင့် နံနက်(၁၀:၃၀)အချိန်တွင် အခြေခံပညာအလယ်တန်းကျောင်း(အောင်သာယာ)ကျောင်းများသို့ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းတာဝန်များအကြောင်း၊ အွန်လိုင်းမှဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲ၌ စားသုံးသူအားလုံးသည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေးနှင့် တာဝန်များသိရှိရန် လိုအပ်ပါကြောင်း၊ ယခုခေတ်ကာလတွင် အွန်လိုင်းမှ ဈေးဝယ်ယူသူ များပြားလာသည့်အတွက် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ကြပါသည်။ ဟောပြောပွဲကို မိဘ၊ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၃၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)