Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနမှ သိုလှောင်ရုံ မှတ်ပုံတင်ရာတွင် ကူညီဆောင်ရွက်ပေးလျက်ရှိ

Powered by Drupal

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)တို့ပူးပေါင်း၍ မြန်မာဆန်စပါးအွန်လိုင်း (MyRo)ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ ( ppp Model)ဖြင့် လွှင့်တင်ထားရှိပြီး ဆန်၊ စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

      အဆိုပါ သိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆန်စပါး စီးပွားရေးလုပ်ငန်းများအား ခေတ်မီ ဒီဂျစ်တယ်နည်းပညာဖြင့် အသွင်ကူးပြောင်း၍ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ရန်၊ တောင်သူ လယ်သမားများ၊ ကုန်သည်၊ စက်ပိုင်လုပ်ငန်းရှင်များ ၊ ပြည်တွင်/ပြည်ပ ဝယ်သူ/ရောင်းသူများ၊ ကျွမ်းကျင် ပညာရှင်များ၊ သုတေသီများ၊ စားသုံးသူများအပါအဝင် ဆန်စပါးလုပ်ငန်းနှင့် ဆက်နွယ်နေသည့် stakeholder များအတွက် တစ်နေရာတည်းတွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့် လုပ်ငန်းများ အချိန်တိုအတွင်း လွယ်ကူရိုးရှင်းစွာဖြင့် ရယူဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်၏ ဆန်စပါးလုပ်ငန်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များကို ခေတ်မီဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ထိန်းကျောင်းနိုင်ရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် (၅.၁၂.၂၀၂၄)ရက်နေ့အထိ သိုလှောင်ရုံ စုစုပေါင်း( ၁၁၁)လုံးအား မှတ်ပုံတင်ရာတွင်  ထောက်ခံချက်ပေးခြင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ရာတွင် အချက်အလက်ဖြည့်သွင်းခြင်းများ ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)