Main menu

လွိုင်ကော်မြို့နယ်၊နမ့်ဘော်ဝမ်(ခါး)မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်း(၂)ဦးသည် လွိုင်ကော် မြို့နယ်၊ နမ့်ဘော်ဝမ်(ခါး) မူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၂၀) ဦးကို  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် စားသုံးသူအခွင့်အရေးများ၊စားသုံးသူများ လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ ကုန်စည်တွင်ပါရှိမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုလည်းကောင်း၊ ကုန်ပစ္စည်းများအပေါ် ပေးထားသော ဝန်ဆောင်မှုများကိုလည်းကောင်း၊ ကုန်ပစ္စည်း (သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင်နစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန(CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊  Website DOCA Myanmar mobile application ၊ Call Center 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်းအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများကသိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရှိပါသည်။

DOCA(ကယား)