Main menu

ဧက (၅၀၀) မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးသည် လွိုင်ကော်မြို့နယ်၊ ဧက(၅၀၀) မူလ တန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၀၀) ဦးကို စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတက်စေရန် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ် ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများအပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးတက် ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့်မေးမြန်းမှုများကိုရှင်းလင်းဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)