Main menu

စားသုံးသူကာကွယ်ရေးဥပဒေသိရှိစေရေး စာသင်ကျောင်းများသို့ အသိပညာပေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည်  (၅.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သော “ စားသုံးသူအခွင့်အရေးဦးစားပေး ” ဆိုသည့်အတိုင်း  စားသုံးသူအခွင့်အရေးများရရှိစေလိုကြောင်း၊  မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ အကြောင်းအားလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံက ကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် နည်းလမ်းများအကြောင်းအားလည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)