Main menu

ဒေးဒရဲမြို့နယ်၊ ကုန်းတန်းကလေးကျေးရွာ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၆) ရက်နေ့ ၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ကုန်းတန်းကလေးကျေးရွာ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ ကျောင်းသား/သူများအနေဖြင့် အစားအစာများ ဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သော အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  တားမြစ်ကုန်စည်များ အကြောင်း၊ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အစားထိုးလဲလှယ်ခွင့် များနှင့် စိတ်ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)